Tuesday, March 4, 2014
“ဒေါသကြီးနေရင် စကားမပြောနဲ့”အောင်ကောင်းမွန်(လားရှိုး)
                                    တနေ့သ၌ လားရှိုးမြို့စွန် ရန်တိုင်းအောင်ဆုတောင်ပြည့်ဘုရားအနီး                                                         ရွှေလီရတနာရပ် ကျွန်ုပ်၏နေအိမ်သို့ အသက်(၅၀)အရွယ်ခန့်ရှိသော 
အမျိုးသမီးကြီးတစ်ဦးသည် အလည်အပတ်ရောက်ရှိလာလေ၏။
၎င်းဒေါ်အုန်းမြင့်သည်ယခင်ကျွန်ုပ်ထံသို့မကြာခဏရောက်ရှိလေ့ရှိသော ဧည့်ကောင်းတစ်ယောက် ဖြစ်သော်ငြားလည်း
လတ်တလောတွင် မလာသည်မှာ အတော်ပင်ကြာလေပြီဖြစ်၏။
 ၎င်းကိုမြင်လျှင်ကျွန်ုပ်သည်ကား ခင်မင်ရင်းနှီးမှုအား 
အကြောင်းပြု၍ လွန်လေပြီးသော အချိန်ဆယ်စုနှစ်များဆီသို့ 
မသိမသာတွေးမိလေ၏။ ထိုသို့တွေးရင်းပင်စောစောကထွက်နေသောဒေါသများလည်းပြေသွားလေတော့၏။
 ဒေါ်အုန်းမြင့်သည်ကျွန်ုပ်ငယ်စဉ်ရပ်ကွက်အတွင်းနေထိုင်စဉ်မှစ၍ပင်လွန်စွာရင်းနှီးခဲ့
သူတဦးပင်ဖြစ်တာ့၏။
ဒေါ်အုန်းမြင့်အားမြင်လျှင်ကျွန်ုပ်ငယ်ဘ၀ဖြတ်သန်းခဲံမှုတို့အားပြန်လည်ကာတွေးတောသတိရမိလေ၏။
ကျွန်ုပ်၏အမှတ်တမဲ့တွေးမိလေသောရုပ်သဏ္ဍာန်အား စူးစိုက်စွာကြည့်မြင်လေသော ဒေါ်အုန်းမြင့်မှာ -
          “မောင်ဝေလင်း . . . မင်းဘာဖြစ်လို့ ဒီလောက်ထိ
 ဒေါသတွေထွက်နေရတာလဲ…. . . အောင်ကောင်းမွန်(လားရှိုး)
 မဟုတ်တော့လို့လား . . . ဒါမှမဟုတ် လင်းလင်း(လားရှိုး) မဟုတ်တော့လို့လား”
Monday, February 3, 2014
လာဘ်ရွှင်စေသောအဆောင်
အထက်ပါ အဆောင်ကို နံ့သာဖြူ ဆွတ်ဖြန်း၍ ဖြစ်စေ ၊ သို့မဟုတ် မပြင်း လွန်းသော အမွေး နံ့သာဖြင့် ဆွတ်ဖြန်း၍ ဖြစ်စေ ဆောင်ပါက လာဘ်လာဘ အရာတွင် ကောင်း၏။
ပီယသိဒ္ဓိအဆောင်
ဟောဒီ အဆောင်ကလေးကတော့ ပီယ အဆောင်ပါပဲ။ ဆောင်ရုံ သက်သက် မဟုတ်ပါဘူး။
ဖယောင်းတိုင်မှာ ပတ်။ မီးထွန်းပြီး ကိုယ်ရည်ရွယ်တဲ့ သူကို မေတ္တာပို့ရင်တော့ ထူးခြားတယ်လို့ ဆိုပါတယ်
ဝါစိမ်းနီ ဘုရားထုလုပ်ကိုးကွယ်နည်း အသေးစိပ်
ဧ၀ံ အစိန္တိယာ ဗုဒ္ဓါ ၊ ဗုဒ္ဓ ဂုဏာ အစိန္တိယာ အစိန္တိယေ ပသန္နနံ ၊ ၀ိပါကော ဟောတု မမ အစိန္တိယော။ အင်းဝခေတ်တွင်ဖြစ်၏။ အင်းဝဘုရင်သည် ဗားမဲ့ဆရာတော်ကို လွန်စွာယုံကြည် ကိုးကွယ်၏။ ထိုအတူ နန်းတွင်းသူ နန်းတွင်းသား မင်းညီမင်းသား ၀န်ကြီးဝန်ကလေး ၊ အမတ် ၊ ကလန် ၊ သံပျင်မှအစ တိုင်းသူပြည်သား ဆင်းရဲသား မိလက္ခူ တို့ပါမကျန် ဆရာတော်အား
(မနောမယထမင်းဝိုင်း)“အုန်းသီးထဲကို ကြက်သားထည့်၍ ဖွဲမီးဖြင့်ဖုတ်သော ဟင်းတစ်မျိုး”မင်းသိင်္ခ
တစ်နေ့သ၌ ကျွန်ုပ်နေထိုင်ရာ မှော်ဘီမြို့အစွန်းမရမ်းတလင်းတောစပ်ရှိ အယူတော်မင်္ဂလာခြံသို့ ကျွန်ုပ်တို့ ငယ်စဉ်က တစ်ရပ်တည်းနေခဲ့ဖူးသော ကိုပီတာဆိုသော လူကြီးတစ်ဦး ရောက်လာလေ၏။ ထိုလူကြီးသည် ကျွန်ုပ်ကို လွန်စွာခင်မင်၏။ ကျွန်ုပ်ကို တွေ့လျှင် တွေ့ချင်း ထိုလူကြီးက .. “ ဟေ့… အောင်ထွန်း၊ဂွတ်ဒ်မော နင်း၊ဂွတ်ဒ်နိုက်..” ဟု နှုတ်ဆက်လိုက်လေ၏။ “ကိုပီကြီးကတော့ လုပ်ပြီး ဂွတ်ဒ်မောနင်းဆိုလည်း ဂွတ်ဒ်မော နင်းပေါ့မောနင်းပေါံ၊ ဂွတ်ဒ်နိုက်ဆိုလည်း ဂွတ်နိုက်ပေါ့ဗျာ” ဟု ကျွန်ုပ်ကပြောလိုက်ရာ ၎င်းက.. “ မနေ့ညက တည်းက ကိုယ့်လူဆီလာဖို့ စိတ်ရောက်နေတာ၊ အဲဒါကြောင့် ဂွတ်ဒ်နိုက်လို့ပြောတာ၊ ရောက်လာတာက
(မနောမယထမင်းဝိုင်း)“ထောပတ်ထမင်း ကြက်သားဟင်းနှင့် ပဲနီလေးဟင်းချို”မင်းသိင်္ခ
တစ်နေ့သ၌ ကျွန်ုပ်နေထိုင်ရာ မှော်ဘီမြို့အစွန်၊ မရမ်းတလင်းတောစပ်ရှိ အယူတော်မင်္ဂလာခြံသို့ ကျွန်ုပ်၏ မိတ်ဆွေရင်း ကိုပီတာဆိုသူ ရောက်ရှိလာပြန်၏။ ကိုပီတာသည် စိတ်မနှံ့သူတစ်ဦးဖြစ်၏။ သူသည် ကျွန်ုပ်ကို မြင်လျှင်မြင်ချင်း .. “ဟေ့.. ဖိုးအောင်ထွန်း၊ ဂွတ်ဒါမောနင်း..ကွတ်ဒ်နိုက်” ဟု နုတ်ဆက်လေ၏။ ကျွန်ုပ်က ၎င်းအား.. “ ဘာဟင်းနဲ့ ထမင်းစားမလဲ၊ ဈေးသွားမလို့..” ဟု ပြောရာ ၎င်းက.. “
ဝက်သားကို သိပ်ကြိုက်ပေမဲ့ ကျုပ်ဗိုက်က လက်မခံဘူး၊ စားမိတာနဲ့ အောင့်လို့ပါ၊ ကိုရင့်ရဲ့စေတနာကိုတော့ ကျေးဇူးတင်ပါတယ်၊ နိုးဂွတ်ဒ်.” ဟု ပြောလေ၏။ “ ဒီလိုဆို ဘာချက်ရမလဲဗျာ.. ပြောစမ်းပါ၊ ခင်ဗျားကလည်း ဆန့်ကျင်ဘက်တွေချည်း ပြော နေတော့တာပဲ” ဟု
Sunday, June 30, 2013
အရေးတကြီး စကားပြောဆိုစရာ ကိစ္စများရှိပါက---- အရေးကြုံ သက်လုံကောင်းစေ(မင်းသိင်္ခ)
ကျွန်ုပ်သည် ဘားလမ်း (ယခုမဟာဗန္ဓုလ ပန်းခြံလမ်း) ထိပ်တွင် ဗေဒင်လက္ခဏာ ဟောပြောနေသည်ဟု ဖော်ပြခဲ့ပြီးဖြစ်၏။ထိုဟောပြောသောနေရာမှ အခန်းပိုင်ရှင်သည် လွန်စွာကောင်းပါသည်။ သို့ရာတွင် ထိုအိမ်ရှင်နှင့် ပတ်သက်သော ဧည့်သည်အချို့မှာ ကျွန်ုပ်၏ လုပ်ငန်းကို လွန်စွာ ဒုက္ခပေးပါသည်။ ကျွန်ုပ် ဗေဒင်လက္ခဏာ ဟောပြောနေစဉ် အတွင်း ထိုသူများသည် ရေဒီယိုကို ကျယ်လောင်စွာ ဖွင့်ခြင်း၊ သီချင်းကျယ်လောင်စွာဆိုခြင်း၊ တစ်ဦးနှင့်တစ်ဦး ကျယ်လောင်စွာ ငြင်းခုံခြင်း စသော လုပ်ရပ်များသည် ကျွန်ုပ် ဗေဒင်လက္ခဏာ ဟောပြော ခြင်းအတွက် အနှောင့်ယှက် များစွာဖြစ်စေပါသည်။
ထို့ကြောင့် “ဒီနေရာက ပြောင်းမှပဲ” ဟု စိတ်ထဲ၌ ဖြစ်ပေါ်ခဲ့၏။ ပြောင်းသည်ဆိုရာ၌ လွယ်ကူလှသည် မဟုတ်။ ကျွန်ုပ်အနေနှင့် ဆိုင်လခကို ထိုက်ထိုက်တန်တန် ပေးနိုင်သော်လည်း စပေါ်ကိုမူ မပေးနိုင်ပေ။ ပေးစရာလည်း မရှိပေ။ ထိုအချိန်၌မှာပင် မိတ်ဆွေတစ်ဦးက “ ဒီမှာ ဆရာမင်းသိင်္ခ ခင်ဗျားရဲ့ အလုပ်နဲ့ဆိုရင် (၃၂)လမ်းထိပ်က ကိုသက်တင်၊ ဒေါ်ဝတို့ရဲ့ အခန်းဟာ အကောင်းဆုံးပဲဗျ။ ခင်ဗျား ပြောကြည့်ပါလား ” ဟု ပြောရာ ကျွန်ုပ်က ထိုမိတ်ဆွေအား